စမုန်ဖြူ
Trachyspermum ammi | |
---|---|
Flowers of Trachyspermum ammi | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Asterids |
မျိုးစဉ်: | Apiales |
မျိုးရင်း: | Apiaceae |
မျိုးစု: | Trachyspermum |
မျိုးစိတ်: | T. ammi
|
ဒွိနာမ | |
Trachyspermum ammi | |
Synonyms[၁][၂] | |
ပုံသဏ္ဌာန် : အပင် တစ်နှစ်ခံ ပင်ပျော့ပင်ငယ်တစ်မျိုးဖြစ်၍ ၁ ပေမှ ၃ပေထိမြင့်၏ ။ ပင်စည် ထောင်မတ်သည်။ ကိုင်းဖြာသည်။ အနံ့ရှိ၏ ။ အရွက် ငှက်မွေး နှစ်ခါ သို့မဟုတ် သုံးခါရွက်ပေါင်း ဖြစ်၏ ။ အပွင့်: သေးငယ်၍ အဖြူရောင်ရှိပြီး ထီးကဲ့သို့ ပွင့်၏ ။ အသီး : အလွန်သေးငယ်၍ ဘဲဥပုံရှိသည်။ အမြှောင်းပါသည်။ အစေ့ အလွန်သေးငယ်သည်။
အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အစေ့။
မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : အပူပိုင်းဒေသတွင် သာမက အအေးပိုင်းဒေသတွင်ပါ ပေါက်ရောက်သည်။
ပေါက်ရောက်ပုံ : စိုက်ပင်ဖြစ်သည်။ စိုက်စနစ် ၊ ထိန်းသိမ်းပြုစုခြင်း ၊ ရိတ်သိမ်းဆွတ်ခူးခြင်း ၊ ပြုပြင်ထုတ်လုပ်ခြင်းတို့မှာ စမုန်စပါးအတိုင်း ဖြစ်၏ ။
အသုံးဝင်ပုံ : အာနိသင်။ ။ မြန်မာဆေးကျမ်းများ အလိုအရ စမုန်ဖြူသည် ခါး ၊ စပ်သော အရသာ ရှိ၏ ။ ပူသော ဂုဏ်သတ္တိရှိ၏ ၊ ထက်မြက်၍ ကြေလွယ်၏ ၊ ဝမ်းမီးကိုတောက်စေ၏ ၊ သည်းခြေကို ပွားစေ၏ ၊ လေ၊ သလိပ် ၊ ဒေါသ ကို နိုင်၏ ။
အသုံးပြုပုံ- အစေ့
- စမုန်ဖြူ ၊ ငရုတ်ကောင်း ၊ သိန္ဓောဆားတို့ကို ကြိတ်၍ ရေနွေးပူပူနှင့် သောက်သော် ဝမ်းဗိုက်နာ၊ ဝမ်းကိုက် ၊ ဝမ်းမီးနုံ့ခြင်းတို့ ပျောက်၏ ။
- စမုန်ဖြူကို မိခင်နို့ရည်နှင့် ရော၍ တိုက်သော် ကလေးများ အော့အန်ခြင်းနှင့် ဝမ်းသွားခြင်းပျောက်ကင်း၏ ။
- စမုန်ဖြူကို ရေနှင့် ပျစ်ပျစ်ကြိတ်၍ နေ့တွင် ၂ ကြိမ် ၃ ကြိမ် လိမ်းပေးလျှင် အရေပြားရောဂါ ၊ ယားယံခြင်း ၊ ပူလောင်ခြင်းများ ပျောက်ကင်း၏။
- စမုန်ဖြူမှုန့် အနည်းငယ်ကို ဒိန်ရည်နှင့် ရောသောက်သော် ဝမ်းတွင်းပိုးများ ကျဆင်းလာသည်။ [၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Trachyspermum ammi"၊ Germplasm Resources Information Network (GRIN)၊ Agricultural Research Service (ARS), United States Department of Agriculture (USDA)၊ 11 December 2017 တွင် ပြန်စစ်ပြီး
- ↑ ITIS entry for Trachyspermum ammi
- ↑ http://arogyamonline.com/commodity/materials/?raw=97[လင့်ခ်သေ]