လက်ရှိမြန်မာ့ လက်ဝှေ့ချန်ပီယံ ကတော့ ကနေဒါနိုင်ငံသား ဒေ့ဗ်ပဲဖြစ်ပါတယ်။ ဒေ့ဗ်ဟာ မွေထိုင်းလက်ဝှေ့မှ ထွက်ပေါ်လာသူဖြစ်ပြီး ယခုမြန်မာ့လက်ဝှေ့ကို ချန်ပီယံနေရာမှာ ရပ်တည်နိုင္သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒေ့ဗ်ဟာ မြန်မာ့လက်ဝှေ့ကိုယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့ချန်ပီယံကြီး ထွန်းထွန်းမင်းကို အနိုင်ယူကာ လက်ရှိချန်ပီယံကို ရရှိနိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။"ကျွန်တော်ကိုအနိုင်ယူပြီး ချန်ပီယံဘွဲ့ယူနိုင်မယ့်သူ မတွေ့သေးပါဘူး"လို့ ချန်ပီယံ ဒေ့ဗ်က ပြောပြခဲ့ပါတယ်။
"မြန်မာ့လက်ဝှေ့သမားတွေက သန်မာတယ်။ ဒါပေမယ် နည်းစနစ်ပိုင်း အားနည်းတယ်လို့ ထင်မိပါတယ်။ နည်းစနစ်ပိုင်းကို များများလေးပို လေးကျင့်စေချင်ပါတယ်။ သူတို့ရဲ့ သန်မာမှုနဲ့ နည်းစနစ်ပိုင်းသာ ပေါင်းလိုက်ရင် ပိုကောင်းလာမှာပါ"လို့လည်းပြောပြခဲ့ပါတယ်။
လက်ရှိဒေ့ဗ်ကို ပြန်လည်ထိုးသတ်ဖို့က ေစာငမန်း ၊ တူးတူး နဲ့ ထွန်းထွန်းမင်းတို့ပဲဖြစ်ပါတယ်။ ထွန်းထွန်းမင်းက ခြေထောက်ဒဏ်ရာမှပြန်လည်သက်သာစဖြစ်ပေမယ့် ပြန်လည်စိန်ခေါ်ဖို့ ရည်ရွယ် ထားကြောင်းသိရပါတယ်။ လက်ရှိ ထွန်းထွန်းမင်းကတော့ ဒေ့ဗ်နဲ့ပွဲမတိုင်မီ ကြားပွဲစဉ်များထိုးသတ်သွားဖို့ရှိကြောင်း သိရပါတယ်။
မြန်မာ့ချန်ပီယံဘွဲ့ကို ဘယ်သူပြန်ယူနိုင်မလဲ ဆိုတာကတော့.......။
Source - ML
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။